ဘာစီလိုနာက ကျောင်းသားလေးတွေက ရီးရဲလ်မက်ဒရစ်ကဆရာကြီးတွေကို ဘောလုံးဘယ်လိုကန်ရမယ်ဆိုတာ ပြန်သင်ပေးခံလိုက်ရတဲ့ပွဲစဉ်နဲ့ အတူ စနေညက Upset အများစု လာခဲ့ပါတယ် ရီးရဲလ်မက်ဒရစ်အသင်းက မနေ့ည ပွဲစဉ်မှာ အမ်ဘာပေ ရဲ့လွဲချော်မှုများစွာနဲ့အတူ မထင်မှတ်ပဲ ပေးဆပ်ခံလိုက်ရတော့သူတို့ ဘာလိုတယ်ဆိုတာ မြင်သွားလောက်ပါပြီ ။ဇန်နဝါရီ အပြောင်းအရွေ့မှာ သူတို့ လိုအပ်နေတဲ့ နေရာတွေအတွက်အရှိန်မြှင့်ပြီး ခေါ်လာတော့မှာ သေချာသလောက်ဖြစ်သွားတယ် ။သတင်းထွက်နေတဲ့သူတွေရော ၊သတင်း မထွက်လာသေးတဲ့သူတွေရော ၊ရောက်လာနိုင်တာကြောင့် စောင့်ကြည့်ရပါတော့မယ် ။လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်ကို ၆ မှတ် ဖြတ်သွားနိုင်ခဲ့ပါပြီ ။ဒါပေမယ့် ပြိုင်ပွဲမပြီးတာကြောင့် ဘိုင်ယန်မြူးနစ် နဲ့ ရီးရဲလ်တို့ကို၂ ပွဲဆက်နိုင်ရုံနဲ့ ချန်ပီယံလိဒ်ဖလား နဲ့ အမှတ်ပေးဖလားတွေကိုပြန်မရသေးဘူးဆိုတာ ဘာစီလိုနာအသင်းဘက်ကရောဟန်စီ ဖလစ်ရော နားလည်ကြမှာပါ ။နောက်ပြီးတော့ … တစ်ချိန်မှာ ဒီပွဲက လိုအပ်ချက်တွေများစွာနဲ့အတူ အိပ်ပျော်နေခဲ့တဲ့ရီးရဲလ်မက်ဒရစ်အသင်းကို လှုပ်နိုးပေးခဲ့တဲ့ အရေးပါတဲ့ပွဲစဉ်တစ်ခုဖြစ်လာနိုင်တယ်ဆိုတာကိုလည်း တွေးထားရပါမယ် ။သေချာတာကတော့ မြက်ခင်းပါ ရောင်းစားနေရပြီဖြစ်တဲ့ဘာစီလိုနာအသင်းအနေနဲ့ ဘဏ္ဍာရေးအားနည်းမှုတွေနဲ့ အတူအသင်းကို အနိမ့်ဆုံး မရောက်သွားအောင် စွမ်းဆောင်ပြနိုင်ဖို့ရာအတွက် ဒီရာသီမှာ ဆုဖလား တစ်ခုတစ်ခု ရဖို့ လိုအပ်နေပါတယ် ။ရာသီကုန်တဲ့အခါ အဓိကဆုဖလားထဲက ဘယ်ဖလားရမလဲဆိုတာစိတ်ဝင်စားစရာပါပဲ ။လီဝန်ဒေါစကီး ရဲ့ နောက်ဆုံးနေဝင်ချိန် ခြေစွမ်းကောင်းတွေ ၊ ယာမိုင်းလို ကစားသမားမျိုး ပေါ်ထွက်လာတာတွေ ၊ ကူဘာဆီလို လူငယ်ခံစစ်ကစားသမာကောင်း ရှိထားတာတွေ ၊ရော်နယ်ဒင်ဟို နူးကမ့်ကို လာပြီး နောက်ပိုင်းမှ Soul ဝင်နေသလိုဖြစ်သွားပြီး ခြေစွမ်းကောင်းတွေ ပြန်ရလာတဲ့ ရာဖင်ညာကိုပြန်ရလိုက်တာတွေ ၊ လာမာစီယာက ထွက်ပေါ်လာတဲ့ ကစားသမားလေးတွေရဲ့ခြေစွမ်းကောင်းတွေကို ဟန်ဆီ ဖလစ် က သုံးပြတတ်တာတွေ ၊ဒါတွေကတော့ ဘာစီလိုနာ ရဲ့ လက်တလော ကောင်းမွန်မှုအပြည့်နဲ့Form တစ်ခုမှာ မြင်လာရတာတွေပဲ ။ဒီနေ့မှာလည်း မနေ့ညက ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာ ပွဲစဉ်လိုပဲပွဲကြီး ပွဲကောင်းတွေ ကစားဖို့ ရှိနေသေးတာ ဖြစ်ပြီး EPL ဘက်ကအာဆင်နယ် နဲ့ လီဗာပူး ပွဲစဉ် ၊ စီးရီးအေ ဘက်က အင်တာမီလန် နဲ့ဂျူဗင်တပ် ပွဲစဉ် ၊ လီဂူး ၁ ဘက်က မာဆေးလ် နဲ့ PSG ပွဲစဉ်တို့ရှိနေပါသေးတယ် ။ဒီပွဲစဉ်တွေမှာလည်း ပရိတ်သတ်မထင်မှတ်ထားတဲ့ ရလာဒ်မျိုးတွေထပ်မံ ထွက်ပေါ်လာအုံးမလားဆိုတာ ဒီနေ့ညမှာ ကြည့်ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ ။
( အဝင်း )