နာမည်ကျော်ပြင်သစ်ကစားသမားတစ်ဦးဖြစ်တဲ့ Paul Pogba ဟာ သူ့ရဲ့ရပ်နားထားခဲ့ရတဲ့ ကစားသမားဘဝကို ၂၀၂၅ ခုနှစ်တွင်ပြန်လည်စတင်တော့မှာဖြစ်ကြောင်း အတည်ပြုပြောကြားသွားခဲ့ပါပြီ ။Mail Sport ရဲ့ ဖော်ပြချက်အရ သူ့ရဲ့ ၄ နှစ်တာ မူးယစ်ဆေးဝါးတားမြစ်ချက်ကန့်သတ်ချက်ကို ၁၈ လသာ လျှော့ချလိုက်ပါတယ်။ဒါကြောင့် Pogba ဟာ ဇန်နဝါရီလထဲမှာ ဂျူဗင်တပ်စ်အသင်းနှင့်လေ့ကျင့်ရေး ပြန်လည်စတင်နိုင်တော့မှာဖြစ်ပြီး မတ်လတွင်တော့တရားဝင်ပွဲစဉ်များကိုပါ ပြန်လည်ကစားခွင့်ရရှိတော့မှာဖြစ်ပါတယ်
Paul Pogba က …
– နောက်ဆုံးတော့ သူ့အိပ်မက်ဆိုးတွေ ပြီးသွားခဲ့ပြီကြောင်း …
– မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စည်းမျဉ်းစည်းကမ်းတွေကိုသိလျက်နဲ့ ဘယ်တုန်းကမှ ချိုးဖောက်ဖို့ မကြိုးစားခဲ့ဖူးကြောင်း …
– ဘောလုံးအပေါ်မှာ သစ္စာရှိရှိနဲ့ ကစားပြီး သူ့ရဲ့ရှင်းပြချက်တွေကိုကြားနာပေးခဲ့တဲ့ တရားရုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ….
– ဒီကိစ္စဟာ သူ့ဘ၀မှာ ကြီးမားတဲ့ စိတ်ဆင်းရဲစရာကိစ္စဖြစ်ခဲ့ပြီးသူကြိုးစားအားထုတ်ခဲ့တဲ့ အရာအားလုံးကို ရပ်တန့်ထားသလိုဖြစ်သွားခဲ့ရကြောင်း …
– ဒီကိစ္စတွေ ဖြစ်နေခဲ့စဉ်ကာလအတွင်း သူ့အပေါ်မှာချစ်ခြင်းမေတ္တာ နဲ့ သည်းခံပြီး အားပေးခဲ့သူ အားလုံးကိုလည်း
ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ် ။
– ဒါ့အပြင် ကွင်းထဲမှာ သူ့ရဲ့ စစ်မှန်တဲ့ခြေစွမ်းတွေကို ပြန်လည်ပြသခွင့်ရဖို့ကိုလည်း မစောင့်နိုင်တော့ကြောင်းတွေကို
ပြောသွားခဲ့ပါတယ် ။
သူဟာ အသုံးမပြုတာကြာပြီဖြစ်တဲ့ သူရဲ့ Twitterအကောင့်မှာလည်း ပုံတစ်ပုံကို တင်သွားခဲ့ပါသေးတယ် ။တစ်ခုရှိတာကတော့ Paul Pogba အနေနဲ့ ဂျူဗင်တပ်အသင်းမှာပြန်လည်ကစားဖို့ထက် အခြားလိဒ်တွေကို သွားဖို့ ရှိနေတာပါပဲ ။သူ့ရဲ့ အေးဂျင့်ဆီကိုလည်း ဆော်ဒီလိဒ် နဲ့ မေဂျာလိဒ် ဘက်ကစိတ်ဝင်တစားမေးမြန်းမှုတွေ ရှိနေတယ်လို့ သိထားရပါတယ် ။ဒါကြောင့် Paul Pobga ပြန်လည်ကစားခွင့်ရလာချိန်မှာဘယ်အသင်းအတွက် ကစားပေးသွားမလဲဆိုတာကပါသူ့ပရိတ်သတ်တွေအတွက် စိတ်ဝင်စားစရာတစ်ခုဖြစ်နေပါတယ် ။
( အဝင်း )