ချက်ချင်းပဲ ပတ်ကတုံး ရောက်လာပြီးငါတို့က လာလီဂါမှာ အဆင့်ဘယ်လောက်ရောက်နေလဲမေးရော တဲ့

ပီကေးက အဆင့် ၁ ပါ ဆရာ လို့ ပြန်ပြောသတဲ့ …ဒါဆို ချန်ပီယံလိဒ်မှာရောကွာဆိုပြီး ထပ်မေးပြန်တယ် …

ပီကေး ကလည်း ဆီမီးဖိုင်နယ် ပါ ဆရာ လို့ ထပ်ဖြေတယ် …အဲ့ချိန်မှာ ပတ်ကတုံးက ငါတို့ အဲဒီဖလားတွေ အရယူဖို့ဆိုရင်

မက်ဆီ ထပ်လဲကျလို့ မဖြစ်တော့ဘူးကွ ။

သူ မကစားနိုင်ရင် တစ်သင်းလုံး နှစ်မြုပ်သွားလိမ့်မယ် ။ဒီသင်္ဘောမှာတော့ မက်ဆီက ကပ္ပတိန်ပဲဆိုပြီး ပြောသွားခဲ့တယ်တဲ့

ဒါဟာ တစ်ချိန်က ဘာစီလိုနာတိုက်စစ်မှုးဟောင်း ဒေးဗစ်ဗီလာကြီးပြန်ပြောပြလို့သာ သိရတဲ့ ကိစ္စလေးပေါ့ ။အခုလည်း

ပက်ကတုံး တို့ တစ်သင်းလုံး နှစ်မြုပ်မယ့်ဘေးကိုရောက်နေတယ်လို့ ခံစားရသလိုပါပဲ ။ရိုဒရီ နဲ့ ဒီဘရိုင်း မပါတဲ့ မန်စီးတီးဟာ ကြည့်ရတာက အစတစ်ခုခု လိုနေသလိုပါပဲ ။ဖြည့်စွက် စဉ်းစားစရာရှိတာကတော့ ပက်က ဒီလို ကစားကောင်း၁ ယောက် ၂ ယောက် ၃ ယောက်ကို အဓိကတည်ပြီး သူ့စိတ်ကြိုက်အသင်းတစ်သင်းကို ပုံဖော်တဲ့ နည်းပြမျိုးလားဒါမှမဟုတ် အဲ့လို ကစားသမားတွေကို ဘယ်အသင်းကိုပဲ ကိုင်ကိုင်မွေးထုတ်ပေးနိုင်တဲ့ နည်းပြမျိုးလား ဆိုတာပါပဲ ။အကယ်၍များ ဒီလို ကစားသမားကောင်းတွေ မရှိတဲ့ အသင်းလေးတစ်သင်းကို ကိုင်တွယ်နည်းပြခဲ့ရင်ရော အောင်မြင်အုံးမှာလား ?

သူလိုချင်တဲ့ Profile မျိုး အပြည့်ရှိတဲ့ ကစားသမားကောင်းတွေကိုအမြဲတမ်း ရှာဖွေနေနိုင်အုံးမှာလား ??ဒေးဗစ်ဗီလာ ရဲ့ ဒီစကားနောက်မှာ တကယ့်တွေးစရာပါတာ ။ဒါက ပက်ကို အကောင်းဆုံးနည်းပြတစ်ယောက်ဆိုတာဟုတ်ရဲ့လား ဆိုပြီး သံသယဝင်လို့ ပြောတာမျိုးမဟုတ်ပဲအကယ်၍ ဆိုတာကို တွေးပြီး ပုံဖော်ကြည့်တာသာ ဖြစ်တယ် ။

ဘယ်လိုထင်ကြလဲ ကိုယ့်လူတွေကရော …

ပက်သာ အသင်းငယ်လေးတစ်သင်းကို ကိုင်ခဲ့မယ်ဆိုရင်ရော

အခုလို အောင်မြင်နိုင်မယ်ထင်လား ?